စနစ်​တကျလည်​ပတ်​နေသော အဖွဲ့အစည်းနှင့်​ စနစ်​ကို ပါးစပ်​ဖျားမှာထား၍ လည်​ချင်​သလိုလည်​ပတ်​သော အဖွဲ့အစည်း

ကိုယ်​ ဒီကို ရောက်​ခါစက ကိုယ်​နဲ့ အာဂျန်​တူတဲ့ ပီခ်ျ​ဒီ အမကြီးတယောက်​က ကိုယ့်​ကိုမေးတယ်​။
စကော်​လာရတယ်​ဆိုတော့ ကိုယ့်​မိခင်​ကျောင်းက ပေးတဲ့စကော်​လာလို့ သူကထင်​နေတာ။
အဲတာနဲ့ ချူလာက အာဆီယံနိုင်​ငံတွေအတွက်​ ပေးတဲ့ စကော်​လာပါလို့ ရှင်းပြရင်း အမရော စကော်​လာနဲ့ တက်​တာလားဆိုတော့ ဟုတ်​တယ်​တဲ့။

သူက ရမ်​စစ်​ယူနီဗာစီတီ က ဆရာမ။

ရမ်​စစ်​က သူ့ကိုစကော်​လာပေးထားတာ။ ကျောင်းလခ၊ ပုံမှန်​လစာ ပေးထားတာအပြင်​ ကုန်​ကျတဲ့ စာရွက်​စာတမ်းဖိုးပါ ပေးထားတာ။ သီးစစ်​လုပ်​ဖို့ အချိန်​ကန့်​သတ်​ထားတာမျိုး မရှိဘူး။ contract က ရှင်းရှင်းလေး သူသီးစစ်​လုပ်​တဲ့အချိန်​ရဲ့ ၂ဆ ကျောင်းမှာပြန်​လုပ်​ပေးရမယ်​။ သီးစစ်​ကို သုံးနှစ်​နဲ့ပီးရင်​ ၆နှစ်​. ၅နှစ်​ဆို ၁၀နှစ်​ပေါ့။
  သူလစာ ဘယ်​လောက်​ရလဲဆိုတာ မေးရင်​ ကြိုက်​မကြိုက်​မသိလို့ မမေးလိုက်​ဘူး။ စောနက အမနဲ့ ကိုယ့်​လို တက္ကသိုလ်​က လာတဲ့ ချွင်းချက်​တွေက လွဲရင်​ ဌာနမှာ လာတက်​တဲ့ postgrads အကုန်​လုံးနီးပါးလောက်​က ဆေးရုံကလာကြတာ။ (clinical pharmacy ကို တက်​ဖို့ ဆေးရုံလုပ်​သက်​ သုံးနှစ်​ရယ်​ registered pharmacist ဖြစ်​ရမယ်​ဆိုတဲ့ သတ်​မှတ်​ချက်​ကြောင့်​ အားလုံးက ဆေးရုံမှာလုပ်​တွေသူတွေချည်း ဖြစ်​နေတာ)

 အတန်းတူ သူငယ်​ချင်းတွေနဲ့က စကော်​လာအကြောင်း စကားမစပ်​မိ အစပိုင်းတော့ ကိုယ်​တွေဆီမှာလို ကိုယ့်​ပိုက်​ဆံနဲ့ကို လာတက်​ကြတယ်​ပဲ အောက်​မေ့နေတာ။ ဟိုတလောက သူငယ်​ချင်းတယောက်​ ဒုတိယနှစ်​ရောက်​သွားလို့ ဆေးဆိုင်​မှာ အချိန်​ပိုင်းအလုပ်​လုပ်​တယ်​ဆိုတော့မှ စကားစပ်​မိတာ။ (ဒီက ဆေးဆိုင်​တွေက pharmacist မရှိရင်​ ဖွင့်​လို့မရတဲ့ ဥပဒေရှိနေတော့ ဆေးဆိုင်​ဖွင့်​ချင်​တဲ့သူတွေ pharmacist မဟုတ်​ရင်​ pharmacist တွေကို အလုပ်​ခေါ်ရပါတယ်​)

👧 နင်က အခု အချိန်​ပိုင်း အလုပ်​လုပ်​နေတော့ ကျောင်းပီးရင်​ ဘယ်​မှာလုပ်​မှာလဲ
👩 ဆေးရုံ ပြန်​သွားရမယ်​လေ..သူတို့က စကော်​လာပေးထားတော့ ငါ ဆေးရုံမှာ သုံးနှစ်​ပြန်​လုပ်​ပေးရအုံးမှာ
👧 သြော ဆေးရုံက စကော်​လာ ပေးတာလား.. ကျောင်းလခရော လစာရော ပေးထားတာပေါ့
👩 ဟုတ်​တယ်​..လစာက ပုံမှန်​လစာတော့ မရဘူး အခြေခံလစာပဲ ရတာ
👧 နင်​ ဘယ်​လောက်​ရလဲ ငါ မေးလို့ရလား
👩 ရတာပေါ့.. ပုံမှန်​ ဆိုရင်​ သုံးသောင်းခွဲနဲ့ လေးသောင်းလောက်​ရတယ်​.. အခုက ၂သောင်း၇ထောင်​ပဲ ရတာ။ ငါတို့က အစိုးရဆေးရုံဆိုတော့ နည်းတယ်​ ပုဂ္ဂလိက ဆေးရုံတွေမှာ လုပ်​တဲ့သူတွေက ပိုရတယ်
👧 ဆွံအ အားကျ (မြန်​မာငွေနဲ့ပြန်​တွက်​ အံ့အားမသင့်​အောင်​ ထိန်း)

( အာ့ကြောင့်​ ကိုယ်​ရောက်​ရောက်​ချင်း ကိုယ်​ရတဲ့ စကော်​လာပမာဏကို ပြောတော့ အာဂျန်​က လောက်​ရဲ့လားလို့ မေးတာနေမှာ 😂😂 ဗမာပြည်​လစာကို ပြောပြရတဲ့အချိန်​ အာဂျန်​ ခဏလေးတိတ်​ဆိတ်​သွားရတဲ့ အကြောင်းရင်း 😂😂 )

ထားပါတော့ အဲတာတွေထက်​ ပိုအရေးကြီးတဲ့အပိုင်းက အခုမှ။ သူလုပ်​တဲ့ သီးစစ်​က သူ့ဆေးရုံက ဒေတာတွေ ပြန်​သုံးထားတာ အသည်းအစားထိုးတဲ့သူတွေ သောက်​ရတဲ့ ဆေးတခုနဲ့ ပါတ်​သတ်​ပီး လုပ်​တာ
အဲ့ဆေးက variability များတော့ အဲ့ဆေးကို individualized dosage regimen ပေးနိုင်​ဖို့ ဖော်​မြူလာတခု ထုတ်​ရတဲ့ အပိုင်းပေါ့လေ။ (ကိုယ်နဲ့အာဂျန်​တူဆိုတော့ ဆေးပဲကွာတာ သီးစစ်​ လုပ်​တဲ့ field က အတူတူမို့ သေချာသိနေတာ)

သူ့ဆေးရုံက သမားတော်​တွေကလည်း အဲ့ project ကို လုပ်​ချင်​တယ်​။ အဲ့ project ကလည်း အာဂျန်​ အထူးပြုယူထားတဲ့အပိုင်းဆိုတော့ ကွက်​တိဖြစ်​သွားတာပေါ့လေ။ အများစုက အဲ့လိုမျိုး အဆင်​ပြေနေကြတဲ့သူတွေချည်းပဲ။ တက္ကသိုလ်​ကလည်း လုပ်​ပေးနိုင်​တဲ့ research speciality field ကလည်း အများကြီး။ ဆေးရုံကလည်း ပေးနိုင်​တဲ့ data တွေ အပြည့်​။ ဘာလုပ်​ချင်​လဲ ပူးပေါင်းဖို့ ဆန္ဒရှိတယ်​။ သီးစစ်​ကရလာတဲ့ results တွေကို ဆေးရုံမှာ ပြန်​သုံးချင်​ကြတာကိုး။

တချို့ဆို ဆေးရုံက လုပ်​ချင်​တဲ့ project တခုကြောင့်​ သူ့ဝန်​ထမ်း pharmacist ကို တက္ကသိုလ်​လွှတ်ပြီး​ အဲ့ project ကို guide လုပ်​နိုင်​မယိ့ အာဂျန်​ရှာ၊ စကော်​လာပေး၊ ကျောင်းတက်​ခိုင်းတာတွေတောင်​ ရှိတယ်​။
အဲ့တော့ နောက်​ဆုံးရလဒ်​က သုံးဦးသုံးဖလှယ်​ အကျိုးရှိတယ်​။ တက္ကသိုလ်​ကလည်း research တွေလုပ်​နိုင်​တော့ rank တက်​တယ်​။ ဆေးရုံကလည်း အဲ့ research က ရတဲ့ result တွေသုံးပီး upgrade လုပ်​လို့ ရတယ်​။ ကျောင်းသားခမျာလည်း ကျောင်းစရိတ်​မကုန်​၊ ပညာတိုး၊ ဆေးရုံအတွက်​လည်း value added ဖြစ်​သွားတဲ့ ဝန်​ထမ်းပြန်​ရ။

အစက ပြန်​ကောက်​ရရင်​တော့ စနစ်​တကျ လည်​ပတ်​နေသော အဖွဲ့အစည်းတခုနှင့်​ စနစ်​ (=မူ)ကို ပါးစပ်​ဖျားမှာထား လည်​ချင်​သလိုလည်​ နေသော အဖွဲ့အစည်း တကယ်​တော့ အစိတ်​သားလို လူမျိုးများဆိုတာဟာ လွှတ်​တော်​ထဲမှာတင်​ ရှိနေတာ မဟုတ်​ပါဘူး။ အဖွဲ့စည်းတိုင်းလိုလို နေရာတိုင်းလိုလိုမှာ ရှိနေတာပါ။ ပိုကောင်းတဲ့ အဖွဲ့စည်း ဖြစ်​လာဖို့ဆိုတာဟာ (result-oriented) အဲ့အဖွဲ့စည်းကောင်း ဖြစ်​တည်​ရေးကို ဦးတည်​ပီး စဉ်းစား လုပ်​ဆောင်​ကြမှ ဖြစ်​လာမှာပါ။ ကိုယ်​ကောင်းစားရေး ကိုယ့်​နဲ့ပတ်​သက်ဆက်​နွယ်​သူများကောင်းစားရေးကို ဦးတည်​ပီး စနစ်​တခုကို တည်​ဆောက်​ထားလေသမျှ အခုကြုံတွေ့နေရတဲ့ အခက်​ခဲတွေ ဆက်​ကြုံနေရပီး မငြိမ်းချမ်း မတိုးတက်​ပဲ အမြဲနောက်​ကောက်​ကျ နစ်​သထက်​ နစ်​နေမှာပါပဲ။

သူများတိုင်းပြည်​မှာ အလုပ်​ကြမ်း အိမ်​ဖော်​ သန့်​ရှင်းရေးလုပ်​နေရတဲ့သူတွေကို မျက်​စိနဲ့တပ်​အပ်​ မြင်​ရတဲ့အခါ၊ သူတို့ကို ကြည့်​ကြတဲ့ တချို့ မျက်​လုံးတွေ မျက်​နှာပေးတွေကို မြင်​ရတဲ့အခါ၊
ကိုယ်​တွေမှာ စကော်​လာလေးရဖို့ ခက်​ခက်​ခဲခဲ ကြိုးစားခဲ့ရပီး သူတို့မှာ အလွယ်​တကူ ပညာတိုးအောင်​ သင်​ယူနေနိုင်​သော အခါ၊ ဘာကို ရင်​နာမှန်းမသိ၊ ဘာကို ဝမ်းနည်းမှန်းမသိ ဝမ်းနည်းရပါတယ်​။

ရွှေပြည်​တော်​ရယ်​ မျော်​လိုက်​တိုင်း နီးချင်​လှပါပီ။

(ကိုယ်​ကောင်းစားရေး စနစ်​ကို မပြင်​ချင်​၊ ကိုယ်​ကောင်းစားရေး စနစ်​ကို အသုံးချချင်​၊ ကိုယ့်​အတွက်​ပဲ ကိုယ်​ကြည့်​ပီး နောင်​လာနောက်​သား မျိုးဆက်​တွေအတွက်​ မကြည့်​တတ်​သော၊ ပညာတတ်​ချင်​ယောင်​ဆောင်​ထားသော ပညာမဲ့များ အတ္တကိုးကွယ်​သည့်​ အကျင့်​ဆိုးများ မြန်​မာပြည်​မှာ မြန်​မြန်​ပျောက်​ကွယ်​ပါစေ)

Kathy Moe San 

Comments

Popular Posts